Galaxy S3 (GT-I9300) ကို Root ရန်အတွက် လိုအပ်တာ လေးတွေကို အရင်ဆုံး ဒေါင်းရပါမယ်...
SAMSUNG_USB_Driver_for_Mobile_Phones ကိုဒေါင်းပြီး extract လုပ်၍ အင်စတောသွင်းပါ၊ ရှိပြီးသားဆိုလျှင် မလိုအပ်ပါ။
Odin3_v1.85.zip ကိုဒေါင်းပြီး zip file အား extract ပြုလုပ်၍ စက်ထည်းတွင် Run ပါ။
CF-Root-SGS3-v6.4.zip ကိုဒေါင်းပြီး zip file အား extract ပြုလုပ်ပါ၊ အထည်းတွင် zip file ပုံစံလေး ထပ်၍ထွက်လာမည် extract ထပ်လုပ်စရာမလိုပါ။
အားလုံးဒေါင်းပြီး အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ စပြီး Root ပါမယ်၊ ဖုန်းပါဝါ မပိတ်ခင် Settings>> Developer potions>> USB debuggig ကိုအမှန်ခြစ်ပေးပါ။
- ဖုန်းပါဝါကိုပိတ်ပါ။
- Download Mode သို့ဝင်ရန် Volume Down+Home+Power ခလုတ်သုံးခုအား တစ်ပြိုင် တည်းနှိတ်ပါ။
- Warning Screen ပေါ်လာရင်တော့ Volume Up ကို တစ်ချက်ဆက်နှိတ်ပါ၊ Download Mode သို့ရောက် ပါလိမ့်မည်။
- ဒီအဆင့်မှာ USB Cable ကိုသုံး၍ ဖုန်းနှင့် ကွန်ပျူတာကို ချိတ်ဆက်ပါ။
- Odin ရဲ့ ID:COM ဆိုတဲ့နေရာမှာ အရောင်လေး သမ်းလာပါလိမ့်မည် (အရောင်မသမ်းလျှင် Driver အား ပြန်လည် စစ်ဆေးပါ)
- Auto Reboot, F. Reset Time ကို အမှန်ခြစ်ပေးပါ၊ (Re-Partition နှင့် အခြား မည်သည့် နေရာကိုမှ အမှန်ခြစ်ရန် မလိုအပ်ပါ။)
- PDA အားနှိတ်ပါ၊ အစောန Extract ပြုလုပ်ထားသော CF-Root-SGS3 File အတွင်းမှ CF_Root-SGS3-v6.4.tar ကိုကောက်ပါ။
- အထက်က အဆင့်တွေပြီးရင်တော့ Start ကိုကလစ်၍ ခဏစောင့်ပါ။
- Odin ရဲ့ ID:COM ဆိုသော နေရာတွင် Pass ပြပြီးလျှင် ဖုန်းအလိုအလျှောက် ပါဝါပိတ်၍ ပါဝါပြန်တတ် လာပါလိမ့်မည်၊ (ဖုန်း၏ Home Screen ကိုမြင်ရမှ Computer နှင့်ချိတ်ဆက်ထားသော USB Cable အားဖြုတ်ပါ။
ဒါဆိုရင်တော့ Root လုပ်တာပြီးဆုံး သွားပါပြီ မိမိဖုန်းထည်းတွင် SuperSu လေးရောက်ရှိနေတာကို တွေ့ရပါလိမ့်မည်။
0 comments:
Post a Comment