မိမိဖုန်းအား Password မမှတ်မိလို့ ဘဲဖြစ်ဖြစ် Password ကိုအကြိမ်ကြိမ် မှားနှိတ်ပြီး Lock ကျသွားလို့ ဘဲဖြစ်ဖြစ် ဒီနည်းလေးကို သုံးပြီး ဖြေရှင်းလိုက် ရအောင် ဘာကွန်ပျူတာမှ အသုံးပြုစရာ မလိုပါဘူး လွယ်လွယ်လေး အောက်မှာကြည့်လိုက်ပါ ကျွန်တော်ပြောတဲ့ အတိုင်းသာ အဆင့်ဆင့် လုပ်လိုက်ပါ၊ ဒါပေမယ့် တစ်ခုတော့ရှိတယ် Factory Reset တစ်ခါထည်း လုပ်မှာ ဖြစ်တဲ့အတွက် ဖုန်းထည်းမှာ ရှိသော မူရင်းဆော့ဝဲ များမှလွဲ၍ မိမိ ကိုယ်တိုင် Install သွင်းထားသော ဆော့ဝဲများ၊ ဖုန်းထည်းတွင် ရှိသော ဗီဒီယိုများ၊ သီချင်းများ၊ ဓာတ်ပုံများ အားဖျက်ထုတ် သွားမှာဖြစ်ပါတယ်။ Memory Card အားအပြင်သို့ ထုတ်ထားပါ။ ကဲစလိုက်ကြရအောင်...
- အရင်ဆုံးဖုန်းကို ပါဝါပိတ်လိုက်ပါ၊ စက္ကန့်သုံးဆယ်လောက်ကြာလျှင်...
- Volume Up Key ကိုစနှိတ်ပါမယ်၊ နောက်ကီးများ နှိတ်သောအခါတွင်လည်း ပထမကီးအား မလွှတ်ရပါ။
- နောက် Home Key ကိုနှိတ်ပါမယ်
- နောက် Power key ကိုနှိတ်မယ်၊ ဒီအဆင့်မှာ ကီးသုံးခု တပြိုင်ထည်း နှိတ်ပြီးသား ဖြစ်နေပါမယ်။
- ငါးစက္ကန့် ခြောက်စက္ကန့်လောက်ကြာလျှင် Recovery Mode ထည်းရောက်သွားပါမယ်။
- ဤအဆင့်တွင် Volume Key ကိုအသုံးပြုပြီး wipe data/ factory reset ကိုရောက်အောင် သွားပါ။
- wipe data/ factory reset ကိုရောက်လျှင် Home Key ကိုနှိတ်ပါ။
- Yes- delete all user data ဆိုတာကို ရွှေး၍ Home Key ကိုနှိတ်ပါ။
- ပြီးလျှင် Reboot system now ကိုရွှေး၍ Home Key ကိုနှိတ်လိုက်လျှင် တော့ ဖုန်း Auto Restart ကျသွားပြီး ပြန်တတ်လာလျှင် ဖုန်း Reset ချပြီးပြန်ဝင်သော အခါတွေ့ရသော အနေအထားမျိုးတွေ့ ရမှာဖြစ်ပါတယ်။
















0 comments:
Post a Comment