ASUS လေးကို Root လုပ်နည်းလေးပါ ကျွန်တော် ကိုယ်တိုင် Root ပြီးလို့ အဆင်ပြေလို့ ပြန်မျှ လိုက်တာပါ လုပ်ရတာ လွယ်ပါတယ် မလုပ်တတ်တော့ ခက်တာပေါ့ လုပ်တတ်သွားတော့ လွယ်တယ်ပေါ့ အောက်က နည်းလေးတွေ အတိုင်း အဆင့်ဆင့် လုပ်လိုက်ပါ၊ အဓိက ထည့်ရတဲ့ အကြောင်းကတော့ မြန်မာစာ အသုံးပြုနိုင်ရန် အတွက်ပါ၊ Samsung ဖုန်းတွေမှာ ဆိုရင် Font Style မှာ Zawgyi One TTF ကိုရွှေးထားရင် မြန်မာစာ ပေါ်ပါတယ် ဒီကောင်လေးမှာတော့ Font Style မပါတဲ့ အတွက် မြန်မာစာ အသုံးပြုရန် အတွက် အခက်အခဲ ရှိပါတယ် ဒီအတွက် Root လုပ်ခြင်းဖြစ်ပါတယ်။
- အရင်ဦးဆုံး ဒီကောင်လေးကို ဒေါင်းလိုက်ပါ၊
- ဒေါင်းပြီးရလာတဲ့ ဖိုင်လေးကို Format လုပ်ပြီး ရှင်းလင်းထားတဲ့ SD Card ထည်းကို ထည့်ပါ၊
- ပြီးရင်တော့ Tablet အား ပါဝါ ပိတ်လိုက်ပါ၊
- ပါဝါလုံးဝ ပိတ်သွားရင်တော့ နောက်တစ်ဆင့် power key နဲ့ volume up key ကိုတွဲပြီး ငါးစက္ကန့် လောက် နှိတ်ထားပေးပါ vibration နှစ်ချက်တုန်သွားလျှင် key ကိုလွှတ်ပါ၊ No USE cable connected! ဆိုပြီး ပေါ်လာလိမ့်မည်၊
- ဒီအဆင့်မှာတော့ အရင်ဆုံး volume down key ကိုနှိတ်ပြီး volume up key ကို နှိတ်ပါ၊ တစ်ခုချင်း ခွဲနှိတ်ရမှာ မဟုတ်ပါ volume down key ကို နှိတ်ပြီး key ကိုမလွှတ်ဘဲ volume up ကို ဆက်နှိတ်ရမှာ ဖြစ်ပါတယ်၊
- DROIDBOOT PROVISION OS ထည်းကို ရောက်ရင်တော့ SD DOWNLOAD ကို ရွှေးပြီး power key ကို ကလစ်ပေးပါ၊ ခေတ္တစောင့်ဆိုင်းရမယ် အလိုအလျှောက် အလုပ်လုပ်နေမည် ဖြစ်သည်၊ အလုပ်ပြီး ဆုံးသွားလျှင် အလိုအလျှောက် REBOOT ကျသွားပါလိမ့်မည်၊ ဒီအဆင့်ပြီးဆုံးသွား လျှင်တော့ မိမိ Tablet ဟာ Booted ဖြစ်သွားပါပြီ၊ Boot ပြီးသွားရင်တော့ လိုအပ်သော မြန်မာဖောင့် နှင့် ဖောင့်ပြင်ခြင်း များ လုပ်ရန် အတွက် လိုအပ်သော Apk လေးများအား အောက်မှာ ဒေါင်းလိုက်ပါ။
- ဒီကောင်လေးက မြန်မာစာဖောင့်ပါ၊
- မြန်မာစာဖောင့်အား မြင်ရန်အတွက်၊
- မြန်မာစာ မှားနေသည်ကို ပြင်ရန်၊
အထက်ပါ Apk လေးများအား ဖုန်းထည်းတွင် အင်စတောလုပ်၍ Run ပေးပါ။
0 comments:
Post a Comment