သူငယ်ချင်းတို့၏ ကွန်ပျူတာတွင် Internet Explorer Browser ဖွင့်၍မရဘဲ Internet Explorer has stopped working ဆိုတဲ့ ပြဿနာလေး ရှိနေရင်တော့ ဒီလိုလေး လုပ်လိုက်ပါ။
ပထမဦးစွာ Start Menu မှနေ၍ Control Panel ကိုသွားပါမယ် အောက်ပုံတွင်ကြည့်ပါ။
Control Panel ထည်းသို့ရောက်သွားလျှင် Network and Internet ကိုကလစ်ပေးပါ။
ဤအဆင့်သို့ ရောက်လျှင် Internet Options ကိုသွားပါ။
Internet Properties Dilog box ကျလာမည် လည်းကောင်း ဘောက်ထည်းတွင် နံပါတ်တစ် Advanced ကိုရွှေးပါ၊ နံပါတ်နှစ် Use software rendering instead of GPU rendering* တွင်အမှန်ခြစ်တပ်ပေးပါ၊ ပြီးရင်တော့ သုံးနဲ့လေး Apply >> Ok ပေါ့။
အောက်အဆင့်တွင်တော့ Ineternet Options သို့ပြန်ဝင်ပါ။
ဤအဆင့်တွင်တော့ Reset ကိုကလစ်ပေးပါ၊ နောက် Dialog Box တစ်ခုတက်လာလိမ့်မည်။
အောက်ပုံပေါ်လာလျှင်လည်း Reset အားထပ်မံ ကလစ်ပေးပါ။
Reset အား ကလစ်ပြီးလျှင် ခဏစောင့်ပေးပါ ကွန်ပျူတာမှ အလိုအလျှောက် လုပ်ဆောင်သွားမည်၊ လုပ်ဆောင်ချက် အားလုံးပြီးသွားလို့ အမှန်ခြစ်အား လုံးတတ်ပြီဆိုလျှင်တော့ Close အား ပိတ်လိုက်ပါ၊ ဒါဆိုရင်တော့ Internet Explorer has stopped working ဆိုတဲ့ ပြဿနာလေး ပြေလည်သွားပါ လိမ့်မည်၊ Internet Explorer ကိုဖွင့်၍ အရင်လို ပြန်လည်အသုံး ပြုနိုင်ပါပြီ။
0 comments:
Post a Comment