Sunday, 11 August 2013

ဘုရားဂုဏ်တော်ကိုးပါး


  1.  အရဟံ-ကိလေသာကင်း၍ ပူဇော်အထူးကို ခံထိုက်သော မြတ်စွာဘုရား။
  2.  သမ္မာသမ္ဗုဒ္ဓေါ-သစ္စာလေးပါးတရားကို ဆရာမရှိ ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။
  3.  ၀ိဇ္ဇာစရဏသမ္ပန္နော-အသိနှင့်အကျင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
  4.  သုဂတော-ကောင်းသောစကားကိုသာ ပြောဆိုတော်မူတတ်သော မြတ်စွာဘုရား။
  5.  လောက၀ိဒူ-လောကသုံးပါးကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။
  6.  အနုတ္တရောပုရိသဒမ္မသာရထိ-ဆုံးမထိုက်သူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။
  7.  သတ္ထာဒေ၀မနုဿာနံ-လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏ ဆရာတဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
  8.  ဗုဒ္ဓေါ-သစ္စာလေးပါးကို မိမိကိုယ်တော်တိုင်လည်းသိ၊ သူတပါးတို့ကိုလည်း သိအောင် ဟောပြတော်မူသော မြတ်စွာဘုရား။
  9.  ဘဂ၀ါ-ဘုန်းတော်ခြောက်ပါး ဂုဏ်တော်တွေအနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား-ဟူ၍ ဘုရားရှင်၏ ဂုဏ်တော်( ၉) ပါးကို တစ်နေ့ ကိုးခေါက် အဓိဌာန်မပျက်နေ့စဉ် ရွတ်ဖတ်ပူဇော်ပါက ဘ၀တစ်လျှောက်လုးံအတွက် ကောင်းကျိုးချမ်းသာ လိုအင် ဆန္ဒအ၀၀နဲ့ပြည့်စုံ၍ အခက်အခဲမရှိ အဆင်ပြေ အောင်မြင်နိုင်ကြပါလိမ့်မယ်

" နေ့ရော ညဥ့်ပါ အခါခပ်သိမ်း
ဘုရားဂုဏ်တော် (ကိုးပါး)ကို
အောက်မေ့ကြကုန်သော
ဂေါတမ မြတ်စွာဘုရားတပည့်တို့သည်
အခါခပ်သိမ်း နိုးကြားကုန်၏။
( တရားမှန်ကို ကောင်းစွာ သိကုန်၏။) " (ဓမ္မပဒ)- ဗုဒ္ဓ


0 comments:

Post a Comment